ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

ဒေးဒရဲ အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာတိုင်း ပါးစပ်၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေရေးအတွက် အသိပညာပေးခြင်းနှင့် Mask Campaign လုပ်ငန်းများကို ကျေးရွာ အုပ်စုအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပျဉ်ထောင်စုကျေးရွာတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ကျန်းမာရေးဝန်ထမ်းများက လမ်းသွားလမ်းလာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် ပါးစပ်၊ နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်နည်းများကို အသိပညာပေး ဟောပြောခဲ့ပြီး ပါးစပ်၊ နှာခေါင်းစည်း Mask များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း