Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တပ်ကုန်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအတွက် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ပိုင်ရှင်များနှင့်အလုပ်သမားများအား အသိပညာပေးဆောင်ရွက်
Oct 18,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ကလေးအလုပ်သမား ပပျောက်ရေးအတွက် လက်ဖက်ရည်ဆိုင်၊စားသောက်ဆိုင် ပိုင်ရှင်များနှင့်အလုပ်သမားများအားတွေ့ဆုံ၍ အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်
Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ် နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်း၍ စာပေကိုချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၁)နာရီ အချိန်က ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့တွင် (၅၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် သိန္နီမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ များသည် (၅၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း စဉ်ဆက်မပြတ်ဆောင်ရွက်
Oct 18,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၇)ရပ်ကွက်၊ ရွှေကြက်ဖမီးပွိုင့်အနီး အများပြည်သူသွားလာနေသောလမ်းမကြီးပေါ်တွင် Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့တွင် ကလေးများအား သားအိမ်ခေါင်းကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက်အမှေးရောင်ကာကွယ်ဆေး ထိုးနှံပေး
Oct 18,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ မင်္ဂလာရပ်ကွက်ရှိ အမက(၆)မူလတန်းကျောင်းတွင် အသက်(၉)နှစ်မှ(၁၀)နှစ် ကလေးသူငယ်များကို အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်စန္ဒာမိုး(LHV) ကြီးမှူး၍ သားအိမ်ခေါင်းကာကွယ်ဆေးကို ပထမအကြိမ် မ(၁၁)ဦး၊ ဂျပန်ဦးနှောက်အမှေးရောင်ရောဂါကာကွယ်ဆေးကို အသက်(၅)နှစ်မှ(၉)နှစ်ထိ ကျား(၃၇)ဦး မ(၁၄)ဦး စုစုပေါင်း(၅၁)ဦးတို့အား ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းကျင်းပ
Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ် အောင်တော်မူစေတီတော်ကြီးအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်း
Oct 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်ပေါ်တွင် တည်ထားလျှက်ရှိသော ဉာဏ်တော် ၁၀၈ ပေ အမြင့်ရှိ အောင်တော်မူ စေတီတော်မြတ်ကြီးအတွက် အမှတ်(၆) ရပ်ကွက်မှ ပြည်သူများ စုပေါင်းလှူဒါန်းထားသည့် အလှူငွေ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်
Oct 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး၊ ပြည်သူများ စာဖတ်သည့်အလေ့အထကောင်းများရှိစေရေး၊ စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ပြည်သူများစာပေကို လက်လှမ်းမီရရှိစေရေးရည်ရွယ်၍ ရပ်ကွက်နေပြည်သူများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်များငှားရမ်းပေးခြင်း၊ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များပြသပေးခြင်းများကို လစဉ်(၂)ပတ်လျှင်တစ်ကြိမ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15511
Page
15512
Page
15513
Page
15514
Current page
15515
Page
15516
Page
15517
Page
15518
Page
15519
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department