သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign အရှိန်အဟုန်မြှင့်ပြုလုပ်

သုံးခွ အောက်တိုဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရေးအတွက် Mask Campaign အရှိန်အဟုန်မြှင့်ပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ Mask Campaign ကို မြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကိုကာကွယ်နိုင်ရန်နှင့် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက လမ်းသွားလမ်းလာပြည်သူများ၊ သန်လျင်-ရန်ကုန်သွား YBS ကားများစီးခရီးသည်များ၊ မြို့မဈေးကြီးသို့ လာရောက်ရောင်းချကြသည့် ဈေးရောင်းသူများနှင့်ဈေး၀ယ်သူများ၊ ရပ်ကွက်ကျေးရွာများမှ ခရီးသွားလာကြသည့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး၊ နှာခေါင်းစည်း Mask များကို အပြင်ထွက်တိုင်းတပ်ဆင်သည့် အလေ့အကျင့်ရရှိစေရေးနှင့် အပြင်မှပြန်လာပြီးတိုင်းလက်ကို မကြာခဏဆေးကြောစေရေးတို့အတွက် အသိပညာပေးခြင်းနှင့်အတူ နှာခေါင်းစည်း Mask(၃၀၀၀)ကျော်ကိုဖြန့်ဝေ၍ Mask campaign ပြုလုပ်ခဲ့ကြောင်းသိရသည်။

Mask Campaign ပြုလုပ်ရာတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရဲတပ်ဖွဲ့၀င်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၀န်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များနှင့်ကြက်ခြေနီတပ်ဖွဲ့၀င်များပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်