ဒေးဒရဲ အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိမှုအား ယနေ့ နံနက်(၁၀) နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်ပညာရေးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီး ဌာနမှူး ဦးဟန်ဝင်းစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းဝန်ထမ်းများက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးခလုတ်များ သွယ်တန်းထားခြင်းများ ကြံ့ခိုင်မှုရှိ/မရှိနှင့် မီးသတ်ဆေးဘူးများ ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားရှိ သင့်သည်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း