Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရှမ်းရွာသစ်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်…
Dec 09,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများအသိပညာဗဟုသုတရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့အမှတ်ရစေရန်နှင့် စာအုပ်စာပေများမှ ရရှိသောစာပေ၏ အကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်(၉) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောင်တောမြို့နယ်၌ ရခိုင်ပြည်နယ်အထိမ်းအမှတ်အကြို ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်း လျှောက်ပွဲဆင်နွဲမည်
Dec 09,2022
မောင်တောမြို့နယ်၌ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင်ကျရောက်မည့် ရခိုင်ပြည်နယ်အထိမ်းအမှတ်အကြို ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီဌာနက ဦးဆောင်ကာ တစ်မျိူးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် စုပေါင်းလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၅ နာရီ မြို့မနာရီစင်ခွဆုံစုရပ်မှစတင်ကာ မြို့ဝင်မုဒ်ဦး အနီးအနားထိလည်းကောင်း၊ ထိုမှတဆင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ပြန်လျှောက်ကာ အားကစားကွင်းအတွင်း “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဉ် (Fitness Dance)အက လေ့ကျင့်ခန်းများ တစ်ပျော်တစ် ပါး စုပေါင်းပြုလုပ်ဆောင်ရွက်မည်ဖြစ်ပြီးလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲသူများအား ကောက်ညင်းပေါင်းဖြင့် ဧည့်ခံမည်ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ခရိုင်အဆင့်လုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ်
Dec 09,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၁၅) ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည် နယ်နေ့ စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ခရိုင်အဆင့်လုပ်ငန်း ညှိနိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားရေး လူငယ်စကားဝိုင်းပြုလုပ်
Dec 09,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားရေး လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းကင်းမြို့တွင် တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ
Dec 09,2022
မင်းကင်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မင်းကင်းမြို့နယ် တန်ဖိုးသင့် စားသောက်ကုန် ရောင်းချရေးအဖွဲ့မှ ဒေသခံပြည်သူများသက်သာ ချောင်ချိရေးအတွက် တန်ဖိုးသင့် စားသောက်ကုန်များကို ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက် ၆ နာရီခွဲအချိန်က မင်းကင်းမြို့၊ အမှတ်(၃)ရပ်ကွက်၌ ရောင်းချပေးခဲ့ရာ ဒေသခံပြည် သူများ လာရောက်ဝယ်ယူအားပေးခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် Home Garden စိုက်ပျိုးထားသော ရာသီပေါ်ဟင်းသီးဟင်းရွက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေးအဆင်ပြေ
Dec 09,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် တစ်ပိုင်တစ်နိုင် Home Garden စိုက်ပျိုးထားသော ရာသီပေါ်ဟင်းသီးဟင်းရွက်များ ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)တာလှုပ်ရှားမှုအသိပညာပေးအခမ်းအနား ကျင်းပ
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် ယမန်နေ့နေ့လယ်ပိုင်း ကအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)တာလှုပ်ရှားမှုအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၌ ဆန်အမျိုးမျိုးလက်ရှိပေါက်စျေးနှင့် ရောင်းချမှုအခြေအနေများအား ကွင်းဆင်းမေးမြန်းစစ်ဆေး
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၌ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းအေးမှ ဆန်ပွဲရုံလုပ်ငန်းရှင်ဒေါ်စိုးရည်ဦး(ပင်ရွှေဦး)နှင့်တွေ့ဆုံကာ ပဲအမျိုးမျိုး လက်ရှိပေါက်စျေးနှင့် ရောင်းချမှုအခြေအနေများကို ယမန်နေ့နေ့လယ်က ကြည့်ရှုမေးမြန်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14418
Page
14419
Page
14420
Page
14421
Current page
14422
Page
14423
Page
14424
Page
14425
Page
14426
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department