ရှမ်းရွာသစ်မြို့တွင် Home Garden စိုက်ပျိုးထားသော ရာသီပေါ်ဟင်းသီးဟင်းရွက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေးအဆင်ပြေ

ရှမ်းရွာသစ်     ဒီဇင်ဘာ   ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် တစ်ပိုင်တစ်နိုင် Home Garden စိုက်ပျိုးထားသော ရာသီပေါ်ဟင်းသီးဟင်းရွက်များ ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်းသိရသည်။

Home Gardenဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းသည် နွေ၊ မိုး၊ ဆောင်းတစ်နှစ်ပတ်လုံး မိသား စုအပိုဝင်ငွေရရှိသည့် လုပ်ငန်းဖြစ်ကာ တစ်ချို့ဒေသနေပြည်သူများသည် မိမိတို့၏နေအိမ်ခြံဝင်းထဲတွင် စိုက်သလို၊ တစ်ချို့ဒေသနေပြည်သူများက လယ်ယာမြေများတွင်စိုက်ပျိုးထားကြောင်း၊ ကန်းစွန်းပင်၊ ရုန်းပတီပင်၊ ချဉ်ပေါင်ပင်၊ ပဲတောင့်ရှည်ပင်၊ ခရမ်းပင်၊ ပဲပုစွန်ပင်၊ ခဝဲပင်၊ ဘူးပင်များကို အများဆုံးစိုက်ပျိုးကြောင်း၊ အရင်းအနှီးလည်းနည်းသည့်အပြင် အပိုဝင်ငွေလည်းရရှိသောကြောင့် နှစ်စဉ်စိုက်ပျိုးကြကြောင်း၊ မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် ရာသီမရွေးစိုက်ပျိုးနိုင်သော ဝင်ငွေတိုးဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးရန်အကြံ ပြုကြောင်း၊ ဟင်းသီးဟင်းရွက်ရောင်းချရာတွင် နေ့စဉ်ဝင်ငွေ(၅၀၀၀)ခန့်ရရှိသောကြောင့် စားဝတ်နေရေး အဆင်ပြေကြောင်း ဒေသနေပြည်သူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ရှမ်းရွာသစ်မြို့ရှိဒေသနေပြည်သူများသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ဉယျဉ်ခြံမြေလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ဆောင်ရွက်သည့်မြို့ဖြစ်ပြီး ဒေသနေပြည်သူများသည် အပိုဝင်ငွေရရှိရေးအတွက် Home Gardenစနစ်ဖြင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးသည့် လုပ်ငန်းကိုနှစ်စဉ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)