မောင်တောမြို့နယ်၌   ရခိုင်ပြည်နယ်အထိမ်းအမှတ်အကြို ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်း လျှောက်ပွဲဆင်နွဲမည်

မောင်တော ဒီဇင်ဘာ  ၉

မောင်တောမြို့နယ်၌  ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင်ကျရောက်မည့် ရခိုင်ပြည်နယ်အထိမ်းအမှတ်အကြို ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍  မြို့နယ်အားကစားနှင့် ကာယပညာဦးစီဌာနက ဦးဆောင်ကာ တစ်မျိူးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် စုပေါင်းလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၅ နာရီ မြို့မနာရီစင်ခွဆုံစုရပ်မှစတင်ကာ မြို့ဝင်မုဒ်ဦး အနီးအနားထိလည်းကောင်း၊ ထိုမှတဆင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ပြန်လျှောက်ကာ အားကစားကွင်းအတွင်း “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဉ် (Fitness Dance)အက လေ့ကျင့်ခန်းများ တစ်ပျော်တစ် ပါး စုပေါင်းပြုလုပ်ဆောင်ရွက်မည်ဖြစ်ပြီးလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲသူများအား ကောက်ညင်းပေါင်းဖြင့် ဧည့်ခံမည်ဖြစ်ကြောင်းသိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)