အမြို့မြို့အနယ်နယ်သတင်းများ

Dec 09,2022
ဧရာဝတီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေ့ဆုံပွဲ အခမ်းအနား နှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)အား ယမန်နေ့ မွန်းလွဲပိုင်း က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနများမှ ကော်မတီဝင်များနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ ကြသည်။
Dec 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် နွေစပါးနှင့်နေကြာသီးနှံလျာထားပြည့်မှီအောင် စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တောင်သူများနှင့်ကွင်းဆင်းတွေ့ဆုံ မှာကြားလျက်ရှိကြောင်း သိရသည်။
Dec 09,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၌ မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာ ပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
Dec 09,2022
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုအတွင်း မြေအောက်ရေတူးဖော်ကာ မြေအောက်ရေသွင်းစိုက်ပျိုးသည့် ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူ များလာကြောင်း ဖီးကြမ်းငှက်ပျောစိုက် တောင်သူများထံက သိရသည်။
Dec 09,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက ပေါက်တောမြို့နယ်ရှိ အ.ထ.က ကျောက်တောင် ကျောင်းခန်းမတွင် ကျင်းပသည်။
Dec 09,2022
ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၁နာရီက “မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး” အသိပညာပေး (TalkShow) ဆွေးနွေးပွဲကို  Online  အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည်။
Dec 09,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူများ ယာဉ်ထိခိုက်မှုအန္တရာယ် ကင်းဝေးစေရန်အတွက် မော်တော်ဆိုင်ကယ်စီးနင်းသူများနှင့် မော်တော်ယာဉ်မောင်းနှင်သူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့်အရေး ယူခြင်းများကိုနေရာအလိုက် လှည့်လည်ဆောင်ရွက်လျက်ရှိရာ၊ ယမန်နေ့နံနက်  ၉ နာရီအချိန်က ကျောက်ပန်းတောင်း ရေနံချောင်း လမ်းအထွက်၊ မြို့နယ် ပြည်သူ့ဆေးရုံရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။