မင်းကင်း ဒီဇင်ဘာ ၉
မင်းကင်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မင်းကင်းမြို့နယ် တန်ဖိုးသင့် စားသောက်ကုန် ရောင်းချရေးအဖွဲ့မှ ဒေသခံပြည်သူများသက်သာ ချောင်ချိရေးအတွက်တန်ဖိုးသင့် စားသောက်ကုန်များကို ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက် ၆ နာရီခွဲအချိန်က မင်းကင်းမြို့၊ အမှတ်(၃)ရပ်ကွက်၌ ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများ လာရောက်ဝယ်ယူအားပေးခဲ့ကြကြောင်းသိရသည်။
မင်းကင်းမြို့နယ် တန်ဖိုးသင့် စားသောက်ကုန် ရောင်းချရေးအဖွဲ့ အနေဖြင့် အိမ်ထောင်စုတစ်စုအတွက် ဆန်တစ်ပြည်၊ ပဲဆီ တစ်ဆယ်သား၊ကြက်ဥ(၆)လုံး၊ အမယ်( ၃ )မျိုး အတွက် စုစုပေါင်း ကျသင့်ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ဒေသခံများ သက်သာချောင်ချိရေး ရောင်းချပေး လျက်ရှိရာ ယနေ့တွင် အိမ်ထောင်စုပေါင်း ၃၀၀ ကို ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ တန်ဖိုးသင့် စားသောက် ကုန်များ စနစ်တကျရောင်းချ ခြင်းများကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌဦးရန်နိုင်ထွန်းနှင့် တာဝန်ရှိသူများက လိုက်လံကြီးကြပ် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)