ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ခရိုင်အဆင့်လုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ်

မောင်တော  ဒီဇင်ဘာ   

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၁၅) ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည် နယ်နေ့ စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ခရိုင်အဆင့်လုပ်ငန်း ညှိနိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦနေဦးက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၁၅) ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများနှင့် စတုဒီသာကျွေးမွေးနိုင်ရေးအတွက် တက်ရောက်လာသူများက ဆွေးနွေးပေးကြစေလိုကြောင်း၊ ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို လူထုလမ်းလျှောက်ပွဲဆင်နွဲနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန်  စသည့်တို့ကို ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပခဲ့သည့် အခြေအနေများနှင့် အခမ်းအနားကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားသည့် အစီအမံများအား ရှင်းလင်းပြောကြားပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်အေးသိန်းက သီရိမင်္ဂလာခန်းမ၌ အခမ်းအနားပြင်ဆင် ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးတင်ပြခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသော ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဝင်များ၊ ဌာနဆိုင်ရာများ တာဝန်ရှိသူများက လုပ်ဆောင်မည့် လုပ်ငန်းတာဝန်များအား အသီးသီးဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် (ခရိုင်ပြန်/ဆက်)