အမြို့မြို့အနယ်နယ်သတင်းများ

Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကလေးသူငယ် အကြမ်းဖက်မှုနှင့်လူကယ်ကူးမှုအန္တရာယ် တိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က  အခြေခံပညာအထက်တန် ကျောင်းသဲကုန်း သာဓုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်  ၁၀  နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များစုပေါင်း၍ စာရေးဆရာမခင်စောတင့်ရေးသားသော “ဘဝအသစ်ရဲ့အစများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်သည်။
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် နိုင်ငံစီးပွားရေးမြှင့်တင်ရေး ၂၀၂၂-၂၀၂၃ နွေစပါးစိုက်ပျိုးမှု ကုမ္ပဏီနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကို  ယမန်နေ့နံနက်ပိုင်းက ရေကန်ကျေးရွာအုပ်စု၌ ကျင်းပခဲ့သည်။
Dec 09,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေဒေသခံပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင် ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီက အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူ များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က ကျောက်ဖြူမြို့မစည်ပင်သာယာဈေးကြီးနှင့် နာရီစင်ရှေ့လမ်းဆုံနေရာတို့တွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။  
Dec 09,2022
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူလူငယ်‌လေးများအား ပညာရေးကျန်းမာရေး စီးပွားရေးလူမှုရေးနှင့် အခြားသောထွေထွေဗဟုသုတများ ရရှိတိုး ပွားလာစေရေးသိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာ‌စောင်များနှင့် ဓာတ်ပုံ ပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက်ကျေးလက်စာကြည့်တိုက်များဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာ‌စောင်များအား စနစ်တကျငှားရမ်းပေး လျက်ရှိကြောင်းသိရသည်။
Dec 09,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်  Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေးအသိပညာ ပေးခြင်းများကို စဉ်စက်မပျက် ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီမှ ၉ နာရီအထိ   မုံရွာမြို့ ရန်ကင်းရပ်ကွက် ကျောက္ကာလမ်း ပေါ်၌ သွားလာသော ပြည်သူများအတွက် (Mask Campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။
Dec 09,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ လေးစုရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း၊ အမရအောင်မြေခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက အမရပူရမြို့နယ် ကြက်ခြေနီအသင်း (ခွဲ) နှင့် ပညာရေးဌာနတို့ပူးပေါင်း ဖွင့်လှစ်သည့် ကြက်ခြေနီ ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်းအမှတ်စဉ် ၇-၈-၉-၁၀/၂၀၂၂ ဆင်းပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။