အမြို့မြို့အနယ်နယ်သတင်းများ

Oct 17,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို၊ ဌာနဆိုင်ရာများနှင့် စာသင်ကျောင်းများတွင် ပုံမှန်ဆောင်ရွက်လျှက်ရှိရာ၊ အောက်တိုဘာ၁၇ရက် နံနက်(၁၀)နာရီက ပြည်တော်သာရပ်ကွက်ရှိ Leaders Of Tomorrow International School တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 17,2025
‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ်အတွင်း အကြောင်းအမျိုးကြောင့် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအား ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရရှိရေးအတွက် သတ်မှတ်ပုံစံဖြင့် လျှောက်ထားနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို မဟာမြိုင်(၁)ရပ်ကွက်၊ မဟာမြိုင်ကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မဟာမြိုင်(၁)ရပ်ကွက်၊ မဟာမြိုင်(၂)ရပ်ကွက်နှင့် ရဲမွန်တောင် ရပ်ကွက်သို့ အကြောင်းအမျိုးကြောင့် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Oct 17,2025
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၈)(၁၀/၂၀၂၅) သို့တက်ရောက်ရန် မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်းတွင်ရောက်ရှိနေသော မွန်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်း ရတနာများအား ယနေ့နံနက်ပိုင်းက ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
Oct 17,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ သဲဖြူဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးအား အမှူးထား၍ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပြည်နယ်အတွင်းရှိ ဒေသခံမျက်စိရောဂါဝေဒနာခံစားနေရသူများအား စက္ကုဒါနအဖြစ် အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်သွားမည်ရာ ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံကြီးသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ထောက်ပံ့မှုနှင့် ပံ့ပိုးမှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Oct 17,2025
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်း တီဘီရောဂါကူးစက်ဖြစ်ပွားမှုနှုန်းလျှော့ချနိုင်ရန် အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ဒေသန္တရကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ တိုက်နယ်/ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ နယ်မြေအလိုက်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်လည်းကောင်း၊ ကျောင်းကျန်းမာ‌ရေးစစ်ဆေးပေးရာတွင်လည်းကောင်း တီဘီရောဂါရှိ/မရှိ ရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
Oct 17,2025
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းပါရှိစေရေး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မြန်မာအီလက်ထ‌ရောနစ်မဲပေးစက် (MEVM) အသုံးပြု စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၁၁နာရီက အမှတ်(၅)အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်သည်။
Oct 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့စမ်းသက်အသုံးပြုခြင်းအခမ်းအနားကို အောက်တိုဘာ ၁၄ ရက် နေ့လယ်(၁၂)နာရီအချိန်က ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါလက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး အလုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောထက်လင်းဦးက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။