အမြို့မြို့အနယ်နယ်သတင်းများ

Oct 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
Oct 17,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်သည့်နေရာများ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Oct 17,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနက ငါးထုတ်လုပ်မှုနှင့် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးရိက္ခာဖူလုံစွာ စားသုံးနိုင်စေရန်နှင့်ရေလုပ်သားများ၏ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် စစ်တောင်းမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၁၅၀၀၀၀)မျိုး စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မြို့အဝင် စစ်တောင်းတံတားထိပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 17,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲများကို ယနေ့နံနက်ပိုင်းက အမကလွန်(နွယ်ခွေ)နှင့် အမက(ဂွေးချောင်း)ကျောင်းတို့၌ ပြုလုပ်ခဲ့သည်။
Oct 17,2025
ကဏန်းမျိုးများ ရေရှည်တည်တံ့ပွားများစေရန်နှင့် စဉ်ဆက်မပြတ် ဖမ်းဆီးထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့် လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှကြီးကြပ်မှုဖြင့် လပွတ္တာမြို့နယ်အတွင်းရှိ ကဏန်းလုပ်ငန်းရှင်များစုပေါင်း၍ ရွှံကဏန်းမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက သာခရမ်းချောင်း ဒီရေတော၌ ကျင်းပခဲ့သည်။
Oct 17,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ‌သည်။
Oct 17,2025
မိတ္ထီလာခရိုင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ အောက်တိုဘာလ၁၇ ရက်နေ့နံနက် ၉ နာရီခွဲအချိန်က မိတ္ထီလာမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။