အမြို့မြို့အနယ်နယ်သတင်းများ

Oct 17,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အောက်တိုဘာ ၁၄ ရက်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 17,2025
သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိများသည် အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။
Oct 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို အောက်တိုဘာ ၁၄ရက် နံနက် ၉နာရီက ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားဝန်းရှိ ဓမ္မဝိဇယဗိမာန်တော်အတွင်း၌ ကျင်းပသည်။
Oct 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၃ ရက် နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့သည်။
Oct 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာအုပ်စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုခြင်းအားဖြင့် အထွေထွေဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ တွံတေးမြို့၊ အ.မ.က(ငါးခုမ္မစမ်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Oct 16,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးသည် ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၁၄ ရက်နေ့ ညနေပိုင်းက မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Oct 16,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေးကားလမ်းနှင့် ရှောက်ကုန်းကျေးရွာဆက်သွယ်ထားသည့် ကျေးရွာအဝင်လမ်းအား နဝင်းချောင်းရေကျော်မှုများကြည့်ရှုကာ ကျေးရွာပြည်သူများ လမ်းပန်းဆက်သွယ်မှုအခက်အခဲမဖြစ်ပေါ်စေရေး လိုအပ်သည်များ သက်ဆိုင်ရာတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။
Oct 16,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းသည် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်များလိုက်ပါလျက်  အောက်တိုဘာ ၁၄ ရက် နံနက် (၁၀) နာရီအချိန်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများမှ မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းခွင်များအား လိုက်လံကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။