အိမ်မဲ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုက်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ၊ ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ကြီးကြပ်ရေးမှူး၏ လုပ်ငန်းဆောင်ရွက်နိုင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားများကို လည်းကောင်း၊ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်တို့က အမှာစကားများကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ၊ ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ရေးမှူး၏ လုပ်ငန်းဆောင်ရွက်နိုင်ရေးသင်တန်းကို ကျင်းပရာ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး သင်တန်းတွင် ရပ်ကွက်/ ကျေးရွာအုပ်စု (၁၀၂)အုပ်စုမှ ကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ (၂)ရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)