တနင်္သာရီတိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရက် ၁၀၀ စီမံချက်ဖြင့် လုပ်ငန်းများဆောင်ရွက်

ထားဝယ်    မေ ၁၉

တနင်္သာရီတိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရက် ၁၀၀ စီမံချက်ဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀) ခုတွင်တိရစ္ဆာန်များကိုကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းအား ကျွဲနွားလည်ချောင်းကွဲရောဂါ ကာကွယ်ဆေးကို ကျွဲ၊နွားကောင်ရေ(၆၁၉၅)ကောင်၊ ကျွဲ၊နွား ပေါင်ပုပ်၊ လက်ပုပ်ရောဂါကာကွယ်ဆေး ကျွဲ၊နွား(၁၂၈၆)ကောင်၊ ကြက်လည်လိမ်ရောဂါကာကွယ်ဆေးကို ကြက်ကောင် ရေ(၂၁၈၂၀)ကောင် ၊ ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးဝက်ကောင်ရေ(၁၂၈၉)ကောင်၊ ကြက်ဘဲဝမ်းကျရောဂါကာကွယ်ဆေး ကြက်ကောင်ရေ (၅၇၂၀)ကောင်ကို ကာကွယ်ဆေးများထိုးနှံဆောင်ရွက်ပေးပြီးဖြစ်ကာ ဆေးကုသပေးခြင်းလုပ်ငန်းကို ကျွဲ၊နွားကောင်ရေ (၃၆၃၉) ကောင်၊ ဝက်ကောင်ရေ (၄၁၃၆)ကောင်၊ ဆိတ်၊ ကြက်နှင့် အခြားတိရစ္ဆာန်ကောင်ရေ (၂၅၂၃၁) ကောင်ဆောင်ရွက်ထားရှိဖြစ်ကြောင်းသိရသည်။

ထို့ပြင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃)မြို့နယ်တွင်မွေးမြူရေးဆိုင်ရာနှင့် ရောဂါတားဆီးကာကွယ်ရေးဆိုင်ရာ ပညာပေးသင်တန်း (၄)ကြိမ်နှင့် မြို့နယ်(၁)မြို့နယ်တွင် မွေးမြူရေးဆိုင်ရာပညာပေးဟောပြောပွဲကို(၁)ကြိမ် ဖွင့်လှစ်ဆောင်ရွက်ထားရှိပြီးဖြစ်ကာ မြို့နယ်(၇)ခုတွင် ဇီဝဇိုးငှက်မွေးမြူရေးအိမ်စာရင်းနှင့် ငှက်သိုက်သန့်စင်သည့် လုပ်ငန်းများစာရင်းကောက်ယူခြင်းလုပ်ငန်းများအားဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါသည်။

တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)မြို့နယ်တွင်ဇီဝဇိုးငှက်မွေးမြူရေးအိမ်စာရင်းနှင့် ငှက်သိုက်သန့်စင်သည့် လုပ်ငန်းများနှင်စပ်လျဉ်း၍(ယာယီ)မှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် AHD/PC(5-A)ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ယာယီမှတ်ပုံတင်လက်မှတ် AHD/PC(7-A)ထုတ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနထံမှ သိရသည်။

ငွေဇင်ယော်(ထားဝယ်)