အမြို့မြို့အနယ်နယ်သတင်းများ

May 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသော" လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း "စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။
May 19,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများတိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးတက်လာစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့မကျေးရွာအုပ်စု၊ ဝိန်းနန်းကျေးရွာ၊ အလင်းရောင်စာကြည့်တိုက်သို့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
May 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၁၈ ရက်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပသည်။
May 19,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲက အဆိုပါရပ်ကွက်၊ မဟာဇနကစာသင်တိုက်၊ ဗိမာန်တော်တွင် ကျင်းပခဲ့သည်။
May 19,2026
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကျောင်းနေအမွိုးသမီးကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက မင်္ဂလာဈေးနှင့် လူစည်ကားရာ နေရာများ၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
May 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းလမ်းညွှန်၊ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အလယ်ပိုင်းရပ်ကွက်ရှိ သာသနာ့ဗိမာန် ၌ ကျင်းပပြုလုပ်သည်။
May 19,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာအုပ်စု၊ မြင်းမူး(Smart village)ကျေးရွာရှိဘက်စုံသုံး “သီရိရတနာ” ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အစိုးရသစ်လက်ထက်ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု “မွေးမြူရေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။
May 19,2026
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ပဲခူးရပ်ကွက်ရှိ မိုးကုတ်ဓမ္မရိပ်သာဓမ္မာရုံတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ စီမံညွှန်ကြားမှုဖြင့် ရက် (၁၀၀) စီမံချက်အရ ဒေသခံပြည်သူများနှင့် တွေ့ဆုံဟောပြောပွဲပြုလုပ်ခဲ့သည်။