Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကမမောင်းမြို့ သံလွင်ဦးမြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြ
May 19,2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးနှင့်စပ်လျဉ်း၍ အသိ၊ သတိရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဖာပွန်ခရိုင်မီးသတ်ဦးစီးဌာနနှင့် ကမမောင်းမြို့စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးတာဝန်ခံ၊ ဈေးသူဈေးသားများနှင့်အတူ သံလွင်ဦးမြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲကို ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်၌ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်နိုင်ရေး အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများအား အသိပညာပေး ရှင်းလင်းဆွေး…
May 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့များအား ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများအား အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၄)ရပ်ကွက်၊ ရွှေဧရာအောင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများတွေ့ဆုံ
May 19,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများတွေ့ဆုံပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲကျင်းပ
May 19,2026
ရက် (၁၀၀) စီမံချက်ဖြင့် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ လက်မှတ်ရပိုးသတ်ဆေး သုံးစွဲသူများသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲကို မေလ (၁၈) ရက်နေ့၊ နံနက် (၈) နာရီအချိန်က တောင်ကြီးမြို့ ထိန်သာဟိုတယ်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့၌ ပြည်သူအတွက် ရက်(၁၀၀)အတွင်း ပြည်သူတိုးချဲ့ပျားမွေးမြူရေး အသိပညာပေးသင်တန်းဖွင့်လှစ်
May 19,2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ရက်(၁၀၀)စီမံချက်ဖြင့် ဒေသခံပြည်သူများ ခေတ်မီပျားမွေးမြူရေးအတတ်ပညာကို တောင်သူများအတွင်း ပြန့်ပွားစေရန်၊ သိပ္ပံနည်းကျမွေးမြူနိုင်ရန်သင်တန်းမှ တစ်ဆင့်အသိပညာများရရှိပြီး ပျားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ပြည်သူတိုးချဲ့ပျားမွေးမြူရေးပညာပေးသင်တန်းကို မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ ပျားမွေးမြူရေးဌာနခွဲတွင် ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေးနှိုးဆော်
May 19,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်၊ လေးအိမ်စုရဲကင်းစခန်းအပိုင်အတွင်း မှုခင်းကျဆင်းရေးနှင့် သက်ငယ်မုဒိမ်းမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
May 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ လေးအိမ်စု ရဲကင်းစခန်းအပိုင်အတွင်း မှုခင်းကျဆင်းရေးနှင့် သက်ငယ်မုဒိမ်းမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲအား ယမန်နေ့မွန်းလွဲ (၁)နာရီက ထနီးကျေးရွာရှိ ဓမ္မာရုံအတွင်း ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များက ပူတာအိုမြို့ဖုန်ကန်ရာဇီခန်းမ၌ ဒေသခံရဝမ်နှင့် လီဆူတိ…
May 19,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များက ရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဒေသခံပြည်သူများ ရှင်းလင်းစွာသိရှိနားလည်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများကို မြို့နယ်များတွင် အဆက်မပြတ် ကျင်းပပြုလုပ်လျက်ရှိရာ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် ပူတာအိုခရိုင်၊ ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ဒေသခံရဝမ်နှင့် လီဆူတိုင်းရင်းသားမျိုးနွယ်စုများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
142
Page
143
Page
144
Page
145
Current page
146
Page
147
Page
148
Page
149
Page
150
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department