အမြို့မြို့အနယ်နယ်သတင်းများ

Dec 09,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေအမှတ် (၄၆/၂၀၂၂) ဖြင့် အသင်း အဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပြဌာန်းထားရှိမှုအား မြို့နယ်အတွင်းရှိ လူမှုရေးအသင်း အဖွဲ့များထံချပြရှင်းလင်းခြင်း အခမ်းအနားကို ဒီဇင်ဘာ ၈ ရက် နံနက် ၁၀ နာရီခန့်တွင်  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 09,2022
ခရိုင်အဆင့်/မြို့နယ်အဆင့်(YMBA) ဗုဒ္ဓဘာသာ ကလျာနယုဝအသင်း ဆိုင်းဘုတ်တင်ပွဲနှင့် အသင်းဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီက သပိတ်ကျင်းမြို့၊ ကဘဲ့ရပ်ကွက်၊ သရက်တောကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ စွန့်ပစ်အမှိုက်များအကြောင်းနှင့် လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး လုပ်ငန်းများ ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်း အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ထိုင်ဝမ်ဖူး‌စားပြောင်းကို ချောင်ရေးနှင့် မြေအောက်ရေတင်ပြီး စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဈေးပိုရောင်းရ၍ အဆင်ပြေ လျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
Dec 09,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးကော်မတီ ပြည်နယ်အဆင့် အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး ဆပ်ကော်မတီနှင့်အလုပ်သမား ညွှန်ကြားရေးဦးစီး ဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ ဂဟေဆက်သင်တန်း(၃/၂၀၂၂)သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၈)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးတက်ရောက်အမှာစကားပြော ကြားသည်။
Dec 09,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၇ ရက်၊ နေ့လယ် ၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ညောင် ဦး) ပန်းမျိုးတစ်ရာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 08,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်က မြင်းခြံမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု ကျား၊ မ ရေးရာအခြေပြု အကြမ်းဖက်မှု GBV အသိပညာပေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 08,2022
မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲကို မြဝတီမြို့၊ အောင်မြင်ရွှေဘုံ မူလတန်းကျောင်းနှင့် မြေနီကုန်းမူလတန်းလွန်ကျောင်းတို့တွင် ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ကြောင်းသိရသည်။