အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2022
နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်းကို ဘဏ္ဍာနှစ်အလိုက် လမ်းအဆင့်မြှင့်တင်တိုးချဲ့ကတ္တရာခင်းခြင်းကို ဆောင်ရွက်လျက်ရှိရာ လမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် မူလကတ္တရာလမ်းအကျယ် ၁၂ ပေမှ ၁၈ ပေ အကျယ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်တိုးချဲ့ခြင်းလုပ်ငန်းကို လမ်းပိုင်းနှစ်နေရာ၌ဆောင်ရွက်လျက်ရှိပြီး  ၈၀ ရာခိုင်နှုန်းခန့် လုပ်ငန်းများပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Dec 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဆောင်းရာသီကာလ ရာသီစာ ကြိမ်စေ့ ရှာဖွေရောင်းချသူများ မိသားစုအပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။
Dec 08,2022
ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကြိုဆိုဂုဏ်ပြုသောအားဖြင့် စုကလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယမန်နေ့ နေ့လယ်က အလယ်တန်း အဆင့် စိတ်ကြိုက်ပန်းချီဆေးရောင်ခြယ် ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Dec 08,2022
စာအုပ်စာပေ ဖတ်ရှုပါ၊ ပြန်လည်မျှဝေပေးပါ စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ အား ပြန်လည်အသုံးချတတ်စေရန်နှင့် မြန်မာ့ဓလေ့ ထုံးတမ်းအစဥ်အလာများအား ချစ်မြတ်နိုးတတ်ကြစေရန် ရည်ရွယ်ချက်များဖြင့် မြန်မာမှုစာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက စုကလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြုလုပ်ခဲ့သည်။
Dec 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် အသိပညာဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Dec 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို  စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
Dec 08,2022
ရေတာရှည်တပ်နယ်မှ အရာရှိစစ်သည်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စု​ပေါင်း၍ လစဉ် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ မိဘမဲ့ကလေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများအား ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ရေတာရှည် မြို့နယ်၊ ဆွာမြို့၊ ဆွာ​မြောက်ပိုင်းရပ်ကွက်၊ ရှမ်းရွာရှိ မိဘမဲ့ကလေး စောင့်ရှောက်ရေး ဘုန်းတော်ကြီးကျောင်း၌ ဆန်နှင့်လှူဖွယ် ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Dec 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မြို့မတပ်ဦးကျောင်း၌ (၇)ရက်သားသမီး ကောင်းမှုဖြင့် တည်ထားကိုးကွယ်လျက်ရှိသော  အောင်သိဒ္ဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပူဇော်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။