အမြို့မြို့အနယ်နယ်သတင်းများ

Dec 09,2022
ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၁နာရီက “မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး” အသိပညာပေး (TalkShow) ဆွေးနွေးပွဲကို  Online  အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည်။
Dec 09,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူများ ယာဉ်ထိခိုက်မှုအန္တရာယ် ကင်းဝေးစေရန်အတွက် မော်တော်ဆိုင်ကယ်စီးနင်းသူများနှင့် မော်တော်ယာဉ်မောင်းနှင်သူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့်အရေး ယူခြင်းများကိုနေရာအလိုက် လှည့်လည်ဆောင်ရွက်လျက်ရှိရာ၊ ယမန်နေ့နံနက်  ၉ နာရီအချိန်က ကျောက်ပန်းတောင်း ရေနံချောင်း လမ်းအထွက်၊ မြို့နယ် ပြည်သူ့ဆေးရုံရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 09,2022
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင်ဇန်နဝါရီ ၄ ရက်နေ့၌ ကျရောက်မည့်(၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ပိုက်ကျော်ခြင်းပြိုင်ပွဲအား ယမန်နေ့ နံနက်၁၀ နာရီက မိုးလုံလေလုံအားကစားရုံကြီး၌ ပြုလုပ်ခဲ့သည်။
Dec 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေရတုကျောင်းဆောင် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Dec 09,2022
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး စာပေစကားဝိုင်းကို ယမန်နေ့လယ်(၁)နာရီက ပေါင်မြို့နယ်အခြေခံပညာအထက်တန်း ကျောင်းရွှေရတုခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Dec 09,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် လယ်ယာထွက်ကုန်သီးနှံများ စိုက်ပျိုးရာ တွင်အသုံးပြုသည့် စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်များအား တာဝန်ရှိသူများက ဒီဇင်ဘာ ၈ ရက်မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Dec 09,2022
ကယားပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၈/၂၀၂၂)အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
Dec 09,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ဥပဒေဆိုင်ရာ၊ ယာဉ်စည်းကမ်း လမ်းစည်း ကမ်းဆိုင်ရာနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဆုများချီးမြှင့်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ရတနာခန်းမ၌ ကျင်းပသည်။