ပူတာအို ဒီဇင်ဘာ ၉
ကချင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးကော်မတီ ပြည်နယ်အဆင့် အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး ဆပ်ကော်မတီနှင့်အလုပ်သမား ညွှန်ကြားရေးဦးစီး ဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ ဂဟေဆက်သင်တန်း(၃/၂၀၂၂)သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၈)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးတက်ရောက်အမှာစကားပြော ကြားသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့ နယ်ဌာနဆိုင်ရာများ၊လူမှုရေးအသင်း အဖွဲ့များနှင့်သင်တန်းသားများတက် ရောက်ကြပြီး ရှေးဦးစွာ သင်တန်းနည်းပြများနှင့်သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ကြသည်။
အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ဒီဇင်ဘာ(၆)ရက်နေ့တွင် မြစ်ကြီးနား မြို့၌ အခြေခံပိုက်ပြင်ပိုက်ဆက်သင်တန်းတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ပူတာအိုမြို့တွင် ယနေ့ဖွင့်လှစ်သည့် အခြေခံဂဟေဆက်သင်တန်းကို သင်တန်းသား(၂၀)ဦးဖြင့် ယနေ့မှဒီဇင်ဘာ (၃၀)ရက်နေ့အထိဖွင့်လှစ်သွားမည်ဖြစ် ကြောင်း၊သင်တန်းကို အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့်လုပ်ခလစာရရှိပြီး မိသားစုဝင်ငွေတိုးတက်၍ ဒေသတွင်းဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတွင် အလေးထားသင်ယူ မှတ်သားပြီး လုပ်ငန်းခွင်တွင် ထိရောက်စွာအသုံးပြု၍ မိသားစုဝင်ငွေရရှိရေးကြိုးပမ်းဆောင်ရွက် စေလိုကြောင်း၊လုပ်သားဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင် တန်းများဖွင့်လှစ်ပေးခြင်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အပံ့ဖြစ်စေ ကြောင်း၊မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့မှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ကျွမ်း ကျင်လုပ်သား ၅၀၀၀ဦးကို အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန်စစ်ဆေး အကဲဖြတ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလအထိ လုပ်သားအင်အား ၃၂၀၀ကျော်စစ်ဆေး အကဲဖြတ်နိုင်ခဲ့ကြောင်း၊ ယခင်ကဖွင့်လှစ်ခဲ့သည့် သင်တန်းများနှင့်ယခု သင်တန်းမှသင် တန်းဆင်းများအပါအဝင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့်လုပ်သားများအနေဖြင့် မိမိတို့၏ ကျွမ်းကျင် မှုများကို စစ်ဆေးအကဲဖြတ်မှုခံယူ၍ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များရယူနိုင်ရေး ဦးစီးဌာနနှင့်ချိတ်ဆက် ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် သင်တန်းသားများနှင့်မှတ်တမ်းတင် စုပေါင်းဓါတ်ပုံရိုက် ကူးခဲ့ပြီး ဒုတိယဝန်ကြီးက အခမ်းအနားသို့တက်ရောက်လာသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့ များနှင့်သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားသည်။ အဆိုပါသင်တန်းကို ဒီဇင်ဘာ(၈) ရက်မှ(၃၀)ရက်နေ့အထိစာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား(၂၀)ဦး တက်ရောက် သင်ကြားမည်ဖြစ် သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းကော်မတီ ပြည်နယ်အဆင့်အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးဆပ်ကော်မတီက ပူတာအိုမြို့တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် အိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်း သင်တန်း(၁)ကြိမ်နှင့် တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ခြင်း သင်တန်း(၁) ကြိမ်ဖွင့်လှစ် နိုင်ခဲ့ပြီး ယခုသင်တန်းသည် တတိယအကြိမ်အနေဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ပူတာအို)