မြင်းခြံမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု ကျား၊ မ ရေးရာအခြေပြု အကြမ်းဖက်မှု GBV အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မြင်းခြံ ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်က မြင်းခြံမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု ကျား၊ မ ရေးရာအခြေပြု အကြမ်းဖက်မှု GBV အသိပညာပေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြင်းခြံခရိုင် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်လေးလေးနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြင်းခြံခရိုင် လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်မြမြထွေးက ကလေးငယ်၏ အဓိပ္ပာယ်၊ မြန်မာနိုင်ငံကလေးသူငယ်များနေ့အကြောင်းနှင့် အမျိုးသမီးများအခွင့်အရေး လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေနှင့် လိုက်နာရမည့်အချက်များကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။ မြို့နယ်ဥပဒေအရာရှိ ဒေါ်ဝင့်မာလာအောင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အကြောင်းအရာတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်လေးလေးနိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်စောမြင့်တို့က တက်ရောက်လာသော ကျောင်းသား/သူတို့အား မုန့်များပေးဝေခဲ့ ကြသည်။

အခမ်းအနားသို့ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ တာဝန်ရှိသူများ၊ ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမ တာဝန်ရှိသူများ၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းဆရာ/ဆရာမ များနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)