ညောင်ဦး ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၇ ရက်၊ နေ့လယ် ၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ညောင် ဦး) ပန်းမျိုးတစ်ရာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ထွေးထွေးဝင်းနှင့် ညောင်ဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌတို့မှ အမှာစကားပြောကြားပြီး ညောင်ဦးမြို့နယ်၊ တရားသူကြီး ဒေါ်စုနန္ဒာလှိုင်က အမျိုးသမီးအခွင့်အရေးများ၊ အမျိုးသမီးများအ ပေါ်အကာအကွယ်ပေးထားမှုများအကြောင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမဖြစ်စေရန် လိုက်နာနေထိုင်ရန်အချက်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်သော ဥပဒေများနှင့်ပြစ်မှုပြစ်ဒဏ်များ၊ အကြောင်းတို့ကို အသိပညာပေးဟောပြောကာ အမျိုးသမီးများကြမ်းဖက်မှုအကာအကွယ်ပေးရေး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းဝင်များ၊ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)ကျောင်းသားကျောင်းသူများ၊ ဆရာ/မများတက် ရောက်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ