မြဝတီမြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြော

မြဝတီ ဒီဇင်ဘာ 

မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲကို မြဝတီမြို့၊ အောင်မြင်ရွှေဘုံ မူလတန်းကျောင်းနှင့် မြေနီကုန်းမူလတန်းလွန်ကျောင်းတို့တွင် ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ကြောင်းသိရသည်။

အသိပညာပေး ဟောပြောပွဲတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက လွတ်လပ်ရေး၏ တန်ဖိုး၊ လွတ်လပ်ရေး၏ အနှစ်သာရကို သိရှိပြီး ဂုဏ်ယူမြတ်နိုး တန်ဖိုးထားတတ်စေရေး လွတ်လပ်ရေးအဓွန့်ရှည်တည်တံ့ခိုင်မြဲဖို့ ထိန်းသိမ်းတတ်စေရေး၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြတ်စေရး၊ လွတ်လမ်းရေးရရှိအောင် ကြိုးပမ်းမှုများနှင့်နှင့် လွတ်လပ်ရေးနေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများအား အသိပညာပေးဟောပြောသည်။

ထို့နောက် မြဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချစ်ရအောင်က ပလပ်စတစ်သုံးစွဲမှု လျှော့ချရေးဆိုင်ရာများအား အသိပညာပေးဟောပြောသည်။ ဆက်လက်ပြီး မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်ပြဘုတ် များနှင့် သုတရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)