ပေါင် ဒီဇင်ဘာ ၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာပေစကားဝိုင်းကို ယမန်နေ့လယ်(၁)နာရီက ပေါင်မြို့နယ်အခြေခံပညာအထက်တန်း ကျောင်းရွှေရတုခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အထက ပေါင်ကျောင်းအုပ်ကြီး ဦးချစ်ထွေးက အမှာစကား ပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းမှ သင်ကြားပေးသည့် ပညာရပ်များအပြင် စာအုပ်၊ စာပေ လေ့လာခြင်းအားဖြင့် အသိပညာများ ဖွံ့ဖြိုးလာ၍ အမှား၊ အမှန် ဝေဖန်ပိုင်းခြားလာနိုင်ပြီး၊ မိမိပတ်ဝန်းကျင်အား အကျိုးပြုနိုင်မည့် လူငယ်များဖြစ်လာမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ (အထက) ပေါင်မှ ကျောင်းသား မောင်လင်းထက်မင်း၊ မောင်အောင်ခန့်မောင်မောင်၊ ကျောင်းသူ မိအိချောသွယ်၊ မိဇွန်ပန်းဖြူတို့က ၎င်းတို့ ဖတ်ရှုလေ့လာထားသည့် စာပေရေးရာ အသိပညာများ အားဆွေးနွေးကြရာ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက သိလိုသည်များကိုမေးမြန်း ဆွေးနွေး ရာ စာပေဝါသနာရှင်များမှ ပြန်လည်ဖြေကြားခဲ့ပြီး ဆရာမဒေါ်မိလေးလေးခိုင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးစာပေ စကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ အထက-ပေါင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်းအင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)