ကလေးဝမြို့တွင်(၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြို ပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်

ကလေးဝ   ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင်ဇန်နဝါရီ ၄ ရက်နေ့၌ ကျရောက်မည့်(၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ပိုက်ကျော်ခြင်းပြိုင်ပွဲအား ယမန်နေ့ နံနက်၁၀ နာရီက မိုးလုံလေလုံအားကစားရုံကြီး၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၏ လမ်းညွှန်မှုဖြင့်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ပြုလုပ်သော အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ၁၅ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို အုပ်စု ၄ အုပ်စုခွဲ၍ ပြုလုပ်ခဲ့ရာ ဆုရရှိသူများအား  (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့၌ ဆုများအသီးသီး ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)