ကန့်ဘလူ ဒီဇင်ဘာ 9
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် လယ်ယာထွက်ကုန်သီးနှံများ စိုက်ပျိုးရာ တွင်အသုံးပြုသည့် စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်များအား တာဝန်ရှိသူများက ဒီဇင်ဘာ ၈ ရက်မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသိန်း၊ ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မြို့မစျေးနှင့်ရပ်ကွက်စျေးဆိုင်၌ မြင်းပျံတံဆိပ် ဓာတ်မြေဩ ဇာများထဲတွင် အခြားဓာတ်မြေဩဇာများ ထည့်သွင်း၍ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိမရှိ၊ ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော၊ ဘေးအန္တရာယ်ရှိကြောင်း သတိပေး ချက်ဖော်ပြထားသော ကုန်ပစ္စည်းများရောင်းချရေး၊ အရောင်းဆိုင်များ လိုက်နာရမည့် စည်းကမ်းချက်များ၊ လိုင်စင်ပြုလုပ်ရောင်းချခြင်း ရှိမရှိတို့ကိုစစ်ဆေးကာ အရောင်းဆိုင်များ၏ သိရှိလိုသည့် မေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့ ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)