ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာ‌ပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျောက်တလုံးကြီး      ဒီဇင်ဘာ      ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  တောင်ကြီးခရိုင်၊ကျောက်တလုံးကြီးမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား အသိပညာပြန့်ပွားရေးနှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီခန့်က အခြေခံပညာမူလတန်းကျောင်း နောင်ယာဆိုင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထို့သို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ‌ဒေါ်နန်းမျိုး ဆောင်းကျော်က ကျောင်းသား/သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေဖတ်ရှုခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းနှင့် အခြားဗဟုသုတရဖွယ် အကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက်ကျောင်းသား/သူများအား ကျောင်းစာအပြင်၊ပြင်ပဗဟုသုတ ရရှိစေရန်အတွက် ရုပ်ပြပုံပြင်စာအုပ်များဖတ်ရှုလေ့လာစေပြီး၊ ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)