ကန်ကြီးထောင့် ဒီဇင်ဘာ 9
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ကန်ကြီးထောင့်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ ၂၀၂၂ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စတင် ထုတ်ချေးခဲ့ရာ ဒီဇင်ဘာလ (၈)ရက်နေ့အထိရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၃)အုပ်စုရှိသည့်အနက် ကျေးရွာအုပ်စု (၁၆) အုပ်စု ရှိ တောင်သူများအားထုတ်ချေးပြီးဖြစ်ကြောင်းသိရသည်။
ကန်ကြီးထောင့်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် က မြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအား ဆောင်းရာသီစိုက်ပျိုးစရိတ်များကို နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ထုတ်ချေးခဲ့ရာ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ကျေးရွာအုပ်စု (၁၆)အုပ်စု ရှိ တောင်သူ ( ၃၂၅ )ဦး ၏ သီးနှံစိုက် ဧက ( ၂၃၉၄ )ဧက အတွက် ချေးငွေ ကျပ်သိန်း (၃၅၉၁)သိန်းထုတ်ချေးပေးပြီး ထုတ်ချေးရန်ကျံ တောင်သူများအားလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဆောင်းရာသီ သီးနှံထုတ်ချေးရန်ကန်ကြီးထောင့်မြို့နယ်အတွက် လျာထား ဧက (၈၀၀၀) အတွက် ထုတ်ချေးရန် ကျပ်သိန်း(၁၂၀၀၀) လျာထား ထားရှိပြီး ၂၀၂၁ ခုနှစ် ဆောင်းသီးနှံထုတ်ချေးထားရှိမှု အနေဖြင့် ဧက (၆၃၈၅) ဧကအတွက် ကျပ်သိန်း (၉၅၇၇၅) ဖြစ်ပြီး တောင်သူတစ်ဦးလျှင် (၁၀)ဧကအထိရရှိမှာဖြစ်ပြီး တစ်ဧကလျှင် ချေးငွေ ကျပ် (၁၅၀၀၀၀) နှုန်းဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ထံမှသိရသည်။
မဇင်(ပြန်/ဆက်)