ကျောက်တလုံးကြီးမြို့ တွင် School Milk Program အစီအစဉ်ဖြင့် ကျောင်းသား/သူများအားနွားနို့တိုက်ကျွေး

ကျောက်တလုံးကြီး    ဒီဇင်ဘာ    ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ကျောက်တလုံးကြီးမြို့တွင် School Milk Program အစီအစဉ်ဖြင့် ကျောင်းသား/သူများအား ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန် အရိုးအဆစ် သန်မာစေရန်အတွက် နွားနို့တိုက်ကျွေးခြင်းကိုယနေ့နံနက်(၉)နာရီခန့်ကလုံကား(အ.ထ.က) ကျောင်းတွင် တိုက်ကျွေးခဲ့သည်။

‌ရှေ့ဦးစွာ တောင်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ အောင်မင်းထွန်းက ကျောင်းသား/သူများအား School Milk Program အစီအစဉ်ဖြင့် နွားနို့တိုက်ကျွေးခြင့်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တောင်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ အောင်မင်းထွန်းနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမတို့က နွားနို့(၃၅၀)စီစီ (၄၅၀)ဗူးကို ‌ကျောင်းသား/သူများအား တိုက်ကျွေးဆောင်ရွက်ခဲ့သည်။

စည်သူ(ပြန်/ဆက်)