မုဒုံ ဒီဇင်ဘာ ၉
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ပြည်သူများအား အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာရောဂါများ စမ်းသပ်စစ်ဆေးကုသခြင်းလုပ်ငန်းများကို ယမန်နေ့က မြို့မ(၁)ရပ်ကွက်ရှိ ဓမ္မဂုဏ်ရည် ကျောက်ဝိုင်းကျောင်းဓမ္မာရုံ၌ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးရာတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ပြည်နယ်တီဘီရောဂါတိုက်ဖျတ်ရေးဌာနမှ ဒေါက်တာတင်ကိုကိုထွေးနှင့် ပြည်နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ဖြင့် ရင်ခေါင်းဓာတ်မှန်ရိုက်ပေးပြီး အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာ ရောဂါများရှိ၊ မရှိ စမ်းသပ်စစ်ဆေးကုသပေးခြင်းနှင့် လိုအပ်သည့်ဆေးဝါးများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင်လည်း သတ်မှတ်ရက်များအလိုက် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
သားငယ် (ပြန်/ဆက်)