လွိုင်လင်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

လွိုင်လင်  ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် လွိုင်လင်မြို့နယ်အတွင်း ကောင်းမှုဂုဏ်စေတီ-ပန်အွတ်ကျေးရွာ ကျောက်ချောလမ်း ခင်းနေမှုအခြေအနေများကို လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်သက်နိုင်နှင့်တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကောင်းမှုဂုဏ်စေတီ-ပန်အွတ်ကျောက်ချောလမ်းလမ်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်ရန်ပုံငွေ(၁၁၆.၄)သန်းဖြင့်  ပြည့်ရွန်းပုဏ္ဏမီကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ လမ်း၏အရှည်မှာ (၂.၂၅၁)ကီလိုမီတာ၊ အကျယ် (၄.၈၈)မီတာ နှင့် (၁၅၀)မီလီမီတာထု ခင်းခြင်းဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)