မိုးနဲမြို့နယ်၌ တစ်နိုင်တစ်ပိုင် ခရမ်းစိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေရရှိ

မိုးနဲ ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နောင်ကျော့ရပ်ကွက်နေ ဦးစိုင်းဝါလိန်၏ အိမ်နံဘေးတွင် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုး၍ ခူးဆွတ်ရောင်းချလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိနေကြောင်းသိရသည်။

ယာခင်းထဲတွင် မိသားစုတစ်ပိုင်တစ်နိုင် စပါး၊ ကြက်သွန်ဖြူတို့ကိုလည်း စိုက်ပျိုးထားကြောင်း၊ ယခု တစ်နိုင်တစ်ပိုင် ခရမ်းစိုက်ပျိုးရာတွင် နေ့စဉ် ညနေအချိန်တိုင်း ရေလောင်းပေးကြောင်း၊ ချောင်းနံဘေးတွင် စိုက်ပျိုးထားသည့်အတွက် အပင်များအတွက် ရေအခက်အခဲမရှိခြင်း၊ တစ်ပတ်လျှင် တစ်ကြိမ်နှုန်း ပေါင်းသင် ရှင်းလင်းပေးခြင်း၊ ချက်ပြုတ်စားသောက်ရာတွင် အသုံးပြုသည့်အပြင် ဈေးတွင် ခူးဆွတ်ရောင်းချရသည့်အတွက် မိသားစု အပိုဝင်ငွေရရှိ၍ မီးဖိုဆောင် ကုန်ကျစရိတ်ပါသက်သာကြောင်း၊ ရောင်းချရာတွင်လည်း တစ်လလျှင် (၂) ကြိမ်ခူးဆွတ်၍ မြို့မဈေးကြီး၌ သုံးလုံးပါ တစ်တွဲလျှင် (၅၀၀) ကျပ်ဖြင့် ကိုယ်တိုင် ရောင်းချကြောင်း ဦးစိုင်းဝါလိန်ထံမှ သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)