သနပ်ပင် ဒီဇင်ဘာ ၉
သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အထက (တောင်ဘက်ကမ်း) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူလေးများ စာဖတ်စွမ်းရည် ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသိပေးဟောပြောပွဲနှင့် Mobile Library လုပ်ငန်းကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိမိခိုင်မှ ကျောင်းသားကျောင်းသူများ စာအုပ်၊ စာပေကို လေ့လာဖတ်ရှု့မှု ပိုမိုတိုးပွား လာစေရန်၊ စာပေဖတ်ခြင်းကြောင့် အသိဉာဏ် ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်း ရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများနှင့် Mobile Library လုပ်ငန်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူများကို သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း/စာစောင် စသည့် စာအုပ်များဖတ်ရှုစေပြီး မိမိတို့ကြိူက်နှစ်သက်ရာ စာအုပ်စာစောင်များကို အခမဲ့ဌားရမ်းပေးခြင်း ဆောင်ရွက်ခဲ့သည်။
လှမိုး(ပြန်/ဆက်)