မက်မန်းမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီသန့်ရှင်းသာယာလှပရေး မြေထိန်းနံရံတည်ဆောက်ခြင်းများ ဆောင်ရွက်

မက်မန်း ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ထောက်ပံ့ငွေဖြင့် အရှည်ပေ (၁၂၀)တည်ဆောက်ခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ထောက်ပံ့ငွေ ကျပ်(၃၁)သန်းဖြင့် မက်မန်းမြို့နယ်နိမိတ်အတွင်း မင်းရန်အောင်စေတီလမ်းမှ ဗိုလ်ချုပ်လမ်းစုံထိ (၁၂၀××၁၀) ပေအား တည်ဆောက်ခြင်းဖြစ်သည်။ အဆိုပါမြေထိန်းနံရံအား တင်ဒါခေါ်ယူရာတွင် အောင်မြင်မှုမရှိသဖြင့်ဌာန ကော်မတီကြီးကြပ်မှုဖြင့် တည်ဆောက်ခြင်းလုပ်ငန်းများကို နိုဝင်ဘာ တတိယပတ်မှာစတင်၍ ဆောင်ရွက်လျက်ရှိရာ မြို့နယ်စည်ပင်သာယာရေးဌာန၊ ဦးဝေယံထွန်း (အမှုဆောင်အရာရှိ)၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက စက်၊ ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်း၏ (၈၀)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ပန်းကျင်(ခရိုင်၊ပြန်/ဆက်)