မိတ္ထီလာတက္ကသိုလ်၌ လူငယ်စကားဝိုင်းကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မိတ္ထီလာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

အဆိုပါ လူငယ်စကားဝိုင်း ပထမပိုင်းအစီအစဉ်ကို ရှေးဦးစွာကျင်းပရာ ခရိုင်စီမံအုပ်ချု်ပရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ၎င်းနောက် မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဘဟန်က အမှာစကားပြောကြားပြီး လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ဦးဆောင်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရာ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ဥပဒေအထူးပြုပထမနှစ် ကျောင်းသူ မသံသာမင်းခင်၊ လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့် မြန်မာစာအထူးပြု ပထမနှစ် မောင်သားထူးအောင်၊ လူငယ်နှင့် စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် သင်္ချာဂုဏ် ထူးတန်း ဒုတိယနှစ် မယွန်း ၊ လူငယ်နှင့် ပညာရေးခေါင်းစဉ်ဖြင့် အရှေ့တိုင်းပညာ မဟာတန်းပထမနှစ် မောင်ထွန်းထွန်း ၊ လူငယ်နှင့် နည်းပညာခေါင်းစဉ်ဖြင့် သင်္ချာအထူးပြုမဟာတန်း ပထမနှစ် မောင်ဇေယျာပိုင်နှင့် လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် ရူပဗေဒအထူးပြု မဟာတန်းဒုတိယနှစ် မောင်ဖြိုးဇေယျာကျော်တို့က အသီးသီးပါဝင်ဆွေးနွေးကြသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသူများ၏ ဆွေးနွေးပြောကြားမှုများအား တက်ရောက်လာကြသော ကျောင်းသူကျောင်းသားများက ဖြည့်စွက်ဆွေးနွေးကြပြီး မြို့နယ်စာရေးဆရာ အသင်းအတွင်းရေးမှူး ကဗျာဆရာ ကြည်သိန်းဇော်က သုံးသပ်စကားပြောကြားသည်။ ၎င်းနောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသော ကျောင်းသူ၊ ကျောင်းသား ၆ ဦးအား ဂုဏ်ပြုမှတ်တမ်း လွှာများကို ပါမောက္ခချုပ်​ဒေါက်တာဘဟန်က ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ချမ်းသာ