အမြို့မြို့အနယ်နယ်သတင်းများ

Dec 16,2022
‌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ‌ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရုံးမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကို  ယမန်နေ့နံနက်(၁၀)နာရီအချိန်က တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅) အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ မဒကျေးရွာ(၅၂)ရပ်ကွက်၊ အမှတ်(၁၁)အခြေခံပညာကျောင်းမူလတန်းလွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကြက်ခြေနီအသင်းခွဲငယ်ဖွဲ့စည်းပေးခြင်းနှင့် ကြက်ခြေနီအကြောင်းသိကောင်းစရာအသိပညာပေးဟောပြောခြင်းကို အဆိုပါကျောင်း၌ ယမန်နေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 16,2022
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသတွင်းစားသုံးဆီဖူလုံစေရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်းဖြင့်ဆောင်ရွက်သည့် ဆီထွက်သီးနှံနေကြာ၊ မြေပဲစိုက်ပျိုးထားမှုများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်‌ဆေးသည်။
Dec 16,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်စေရန်အတွက် ငလျင်ဘေးသဏ္ဍာန်တူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းများကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မင်းဘူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ပြည်တွင်းထွက်ကြက်သွန်ဥများ ဈေးကောင်းလျက်ရှိပြီး ကြက်သွန်ဥအသစ်များထက် အဟောင်းများမှာ ရောင်းအားပိုကောင်းလျက်ရှိကြောင်း ကြက်သွန်များ လက်လီလက်ကားရောင်းချနေတစ်ဦးထံမှ သိရသည်။
Dec 15,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ပူးပေါင်းကာ ယနေ့မွန်းလွဲပိုင်းက ဆရာမကြီးလူထုဒေါ်အမာ၏ "အမေ့ရှေးစကား"စာအုပ်(ဒုတိယတွဲ)အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြသည်။
Dec 15,2022
ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ပူး‌ပေါင်း၍ ပြည်တက္ကသိုလ်ပါမောက္ခချုပ်၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းက ပြည်တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ "စားသုံးသူကာကွယ်ရေးနှင့်အစားအသောက်/ ဆေးဝါးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပခဲ့သည်။