ကော့သောင်းခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများကျင်းပ

ကော့သောင်း ဒီဇင်ဘာ ၁၆

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ် ခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် ကော့သောင်းမြို့၊ ရွှေမင်းဝံအထကခွဲကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆေးရောင်ခြယ်ပြိုင်ပွဲအား ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊  တွေးတော ဆင်ခြင်ကြံဆမှုနှင့် တီတွင်ဖန်တီးလိုစိတ်များ မြင့်မားလာစေပြီး စိတ်ကူးစိတ်သန်းများ ထက်မြက်လာစေရန်နှင့် ကာယစွမ်းရည်ပြိုင်ပွဲများအား   လူငယ်လူရွယ်ကလေးဘဝမှစတင်ကာ ကိုယ်ကာယဖွံ့ဖြိုးတိုးတက်မြင့်မားလာပြီး ကျန်းမာကြံ့ခိုင်သည့် မျိုးဆက်သစ်များ ပေါ်ထွက် လာရေးနှင့် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍  ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)