ဇေယျာသီရိ ဒီဇင်ဘာ ၁၆
ဇေယျာသီရိမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ ရတနာစံပရိယတ္တိစာသင်တိုက်၊ ရတနာဘိမတဓမ္မ ဗိမာန်တော်ကြီး၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ နေပြည်တော် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်) ကန်ဦးပရိယတ္တိ စာသင်တိုက်မှ ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိလာသ၊ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရတနာစံပရိယတ္တိစာသင်တိုက်မှ ပဓာနနာယကဆရာတော် မဟာဝါ စကပဏ္ဍိတဘဒ္ဒန္တဝိစိတ္တသာရ၊ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ စည်ပင်ရွာဦး ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကနှင့် စာအောင်ပင့်သံဃာတော်/ သီလရှင်များ၊ နေပြည်တော်၊ သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းထွန်းအောင်၊ ဥတ္တရ ခရိုင်သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်ကြသော ဦးကြည်နိုင်နှင့် လဝကဦးစီးမှူး ဦးမောင်မောင်ဦး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝေဖြိုးအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီးနောက် ဗုဒ္ဓရောင် ချည်တော်ဖွဲ့ ထူးမခြားနားသီချင်းခံ (၃)ပိုဒ်ဖြင့် သီးကျူးပူဇော်ခဲ့ပြီးနောက် ဇေယျာသီရိမြို့နယ်၊ သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(ရွှေကျင်) ကန်ဦးပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္တဝိလာသ မထေရ်မြတ်ထံမှ ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူကြည်ညိုခြင်း၊ ဇေယျာသီရိမြို့နယ်၊ သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ (သုဓမ္မာ) ရတနာစံပရိယတ္တိစာသင်တိုက်မှ ပဓာနနာယကဆရာတော် မဟာဝါစက ပဏ္ဍိတဘဒ္ဒန္တဝိစိတ္တသာရ မထေရ်မြတ်က သာရဏီယ ဩဝါဒမြွတ်ကြားချီးမြှင့်ခဲ့သည်။ ယင်းနောက် နေပြည်တော်သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းထွန်းအောင်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္တုများဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပထမကြီးတန်းအောင်မြင်သည့် စာအောင်သံဃာတော် ၄ ပါး၊ ပထမလတ် တန်းအောင်မြင်သည့် စာအောင်သံဃာတော် ၃ ပါး၊ ပထမငယ်တန်းအောင်မြင်သည့် စာအောင် သံဃာတော် ၅ ပါး၊ အခြေပြုမူလတန်းအောင်မြင်သည့် စာအောင်သံဃာတော်/သီလရှင် ၁၄ ပါးတို့အား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်ချီးမြင့်ပေးခဲ့ကြောင်းနှင့် ဘဒ္ဒန္တဣန္ဒာ စက္ကထံမှ အနုမောဓနာ တရားနာ ကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ထွန်းလင်း(ဇေယျာမြေ)