ကဝမြို့နယ်တွင် ဥပဒေနှင့်အညီ နေထိုင်သူများ၏ နိုင်ငံသားစိစစ်ရေးကဒ်အမှတ် (၂)ကြိမ်နှင့်အထက် ထပ်နေမှုများအား (Cross Check) ပြုလုပ်ထားရှိမှု ရှင်းလင်းပြောကြားခြင်း အခမ်းအနားကျင်းပ

ကဝ ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ဥပဒေနှင့်အညီနေထိုင်သူများ၏ နိုင်ငံသားစီစစ်ရေးကဒ်အမှတ် (၂)ကြိမ်နှင့်အထက် ထပ်နေမှုများအား (Cross Check) ပြုလုပ်ထားရှိမှု ရှင်းလင်းပြောကြားခြင်းနှင့် လက်တွေ့လုပ်ဆောင်မှု အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁၂:၃၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် နယ်မြေတာဝန်ခံဦးစိုးဦးမှ ကဝမြို့နယ်အတွင်းရှိ(နိုင်)ကဒ်အထပ်များအား (Cross Check) ပြုလုပ်ထားသော စာရင်းများမှ မှန်ကန်စွာစီစစ်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဝင်းဆန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ ရပ်ကျေးစာရေးများ၊ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)