သာယာဝတီမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

သာယာဝတီ     ဒီဇင်ဘာ  ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန(Community Centre) န်းမ၌ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ (Book Club)အဖွဲ့၀င်များပူးပေါင်း၍ စာရေးဆရာအောင်သင်းရေးသားသည့် စဉ်းစားစရာလေးတွေစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးယုဝါအောင်က စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေမှရရှိသည့်ဗဟုသုတအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ(Book Club)အဖွဲ့ဝင် ဦးထွန်းထွန်းလင်း(ပန်းတကာ မောင်ထွန်း)က ဘာသာစကားနှင့်ရသစာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူးမိုးသဲအောင်(ပန်းမြေ)က အမှတ်မထင်စာပေလေ့လာမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာဦးထက်လွန်းက မျိုးဆက်သစ်အတွက်ဖြေကြားခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးတင်အေးကျော်(သာယာဝတီ)က ကြုံခဲ့ရပုံများခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော(Book Club)အဖွဲ့များက သိရှိလိုသည်များကို မေးမြန်းကြရာ (Book Club)အဖွဲ့ဝင်စာရေးဆရာများက ပြန်လည်ဆွေးနွေးဖြေကြား ပေးခဲ့ကြသည်။

အောင်ဝတီ (ပြန်/ဆက်)