အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် ၂၀၂၂- ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကို အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Oct 05,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်သူများ အပြင်သွားလာရာ၌ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာသည့် အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်၍ ပြည်သူများလက်ဝယ်အရောက် ပါးစပ်နှာခေါင်းစည်း(Mask)များနှင့် ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို
Oct 05,2022
စစ်ကိုင်းတိုင်း​ဒေသကြီး​၊ ရွှေဘိုတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်၊​ရွှေဘိုတက္ကသိုလ် ဘာသာရပ် ဌာနအသီးသီးမှ အငြိမ်းစားယူခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများအား မြတ်ဆရာ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ​ရွှေဘိုတက္ကသိုလ်ရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Oct 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စာပေဖတ်ရှုချင်သော်လည်း မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်ငှားရမ်းရန် အခက်အခဲရှိသော စာအုပ်၊ စာပေချစ်သူများ အဆင်ပြေစေရန်ရည်ရွယ်၍ Mobile စနစ်ဖြင့်
Oct 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျှင်ခရိုင်၊ ခရမ်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်း၏ စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။
Oct 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နိုင်ငံတော်မှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယ(၃)လပတ် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလများအတွက် အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်၌ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
Oct 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီက ပဲခူး-ကဝလမ်းမကြီးနှင့် လူစည်ကားရာ လမ်းဆုံတို့တွင် နှာခေါင်းစည်း(Mask)တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။