ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း(Mask)နှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေး

ပွင့်ဖြူ အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်သူများ အပြင်သွားလာရာ၌ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာသည့် အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်၍ ပြည်သူများလက်ဝယ်အရောက် ပါးစပ်နှာခေါင်းစည်း(Mask)များနှင့် ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းရှေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့  ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပါးစပ်နှာခေါင်းစည်းနှင့် ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းရှေ့၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စလင်းတပ်နယ်မှ စားကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည့်နေရာသို့ သွားရောက်ပြီး ဈေးဝယ်လာသည့် ဒေသခံပြည်သူများနှင့် မြို့တွင်းဖြတ်သန်းသွားလာသည့် ဒေသခံပြည်သူများကို တွေ့ဆုံကာ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိရောက်စွာ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ မဖြစ်မနေ သွားလာသည့်အခါတိုင်း  ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ပြီးမှသာ သွားလာကြရန်၊ တတ်နိုင်သမျှ လူစုလူဝေးရှိသောနေရာများသို့ သွားလာခြင်းအား ရှောင်ကြဉ်ကြရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမှုအား အကြိမ်ပြည့် မပျက်မကွက် ထိုးနှံကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို အလေးထားလိုက်နာကြရန်တို့ကို ပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားပြီး ပါးစပ်နှာခေါင်းစည်းနှင့် ပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်တွင်  ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ပါးစပ်နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေးအတွက် အရှိန်အဟုန်မပျက် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )