တန့်ယန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

တန့်ယန်း  အောက်တိုဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နိုင်ငံတော်မှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယ(၃)လပတ် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလများအတွက် အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်၌ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်စောဥမ္မာ၊ အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခွန်ထွန်းနှင့် တာဝန်ရှိသူများက ဘိုးဘွားများအား လူမှုရေး ပင်စင်ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းနှင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ ဘိုးဘွားစုစုပေါင်း (၇၀၅) ဦးရှိပြီး တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က ဘိုးဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိ‌ကြောင်း သိရသည်။                                      

မင်းလွင်ဦး(ပြန်/ဆက်)