အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ (၂၀၂၂) ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် ဆရာကြီး၊ ဆရာမကြီး များကို ပူဇော်ကန်တော့ ခြင်းနှင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ ကို ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းရှိ ကရဝိက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Oct 05,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းရာသီကာလ၌ ဆီထွက်သီးနှံ(နေကြာ)စိုက် တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်  ဖွင့်လှစ်သည့် တောင်သူနည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က ဝယ်ဝင်ကရာကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ပြည်သူများလူမှုဘဝ စားသောက်ရေးတွင် အထောက် အကူဖြစ်စေရန်နှင့် စားနပ်ရိက္ခာ များ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူများထံ စျေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့ နံနက် (၇)နာရီခွဲအချိန်က (၈)ဖြတ်လမ်း၊ မြို့မစျေးကြီးအနီးတွင် ရောင်းချပေးခဲ့သည်။
Oct 05,2022
ရန်ကုန်တိုင်းဒေသကြီး, သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ ရာမကွင်းဓာတ်အားခွဲရုံ အနီးပတ်ဝန်း ကျင် သန့်ရှင်းသာယာလှပစေရေး၊ လုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးတို့အတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များက လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
Oct 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်အမှတ်အဖြစ် အာစရိယပူဇော်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မေတ္တာကိုယ်ပိုင် အထက်တန်းကျောင်း စုဝေးခန်းမတွင် အာစရိယပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြာင်း သိရှိရသည်။
Oct 05,2022
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲကို မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းမှစ၍ ခင်းကျင်းပြသလျက်ရှိသည်။
Oct 05,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် ၅၈ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးဝင်းအတွင်းရှိ ရဲဇာနည်ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြားသည်။
Oct 05,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ် အ.ထ.က ကျောင်း သပြေဆောင်ခန်းမတွင် မြို့နယ် ပညာရေးမှူးရုံးမှ ဦးဆောင်၍ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။