တန့်ယန်းမြို့နယ်တွင် ၂၀၂၂- ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပ

တန့်ယန်း အောက်တိုဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် ၂၀၂၂- ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကို အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာအခမ်းအနားကို မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ဆရာကြီး၊ ဆရာမကြီး(၁၁)ဦးတို့အား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကံရှိန်နှင့် တာဝန်ရှိ ဆရာ၊ ဆရာမများက ကန်တော့လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

ယင်းနောက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ ကိုယ်စား အငြိမ်းစားဆရာကြီး ဦးကျော်လှိုင်က ဆုတောင်းမေတ္တာစကား ပြောကြားကာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကံရှိန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြးခဲ့ကြောင်းသိရသည်။   

မင်းလွင်ဦး(ပြန်/ဆက်)