အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနား ကိုယနေ့နံနက်ပိုင်းက စစ်တွေမြို၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မဇေယျခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များတက်ရောက်ကြသည်။
Oct 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာရှိ ဘိုးဘွားများအား ယမန်နေ့ နံနက်(၉)နာရီတွင် မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနနှင့် Gold Vision glass ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း၍ ဘိုးဘွားများ၏ မျက်စိကျန်းမားရေးအား အခမဲ့စစ်ဆေးကာ မျက်မှန် တပ်ဆင်ရန် လိုအပ်သည့် ဘိုးဘွားများအား မျက်မှန်များ အခမဲ့လှူဒါန်းပေးခဲ့သည်။
Oct 06,2022
အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာ ပူဇော်ကန်တော့ ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အောင်သပြေဘိုးဘွားရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 06,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း မြညီလာခန်းမ၌ အောက်တိုဘာ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ပညာရေးမိသားစုများ စုပေါင်း၍ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
Oct 06,2022
စစ်ကိုင်းတိုင်းဒေသကြီးကလေခရိုင်၊ မင်းကင်းမြို့အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်းရှိ စကားဝါခန်းမ၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Oct 06,2022
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း ဆောင်ရွက်မည့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီဝင်များအား  စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ငွေစာရင်းထိန်းသိမ်းမှုသင်တန်းကို ယမန်နေ့  နံနက်(၁၀)နာရီခရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ ကြောင်းသိရသည်။အခမ်းအနားတွင်
Oct 06,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်(၂) လမှ (၂)နှစ်အောက်က လေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို   ယမန်နေ့နံနက်ပိုင်းက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။