အမြို့မြို့အနယ်နယ်သတင်းများ

Nov 01,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် ကျရောက်မည့်(၃၄)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အဆိုပါဌာနမှဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းခြင်း၊ မြတ်မိုဃ်းကောင်းဘုရားဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ငါးလွှတ်ခြင်းများကို ယနေ့နံနက်ပိုင်းက ကုသိုလ်ပြုဆောင်ရွက်ခဲ့သည်။
Nov 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်ပြီး ကျန်းမာ သန်စွမ်းသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေရန်ရည်ရွယ်၍ Myanmar Fitness Dance သင်တန်းကို အခြေခံပညာအထက်တန်း ကျောင်း (ကျွန်းလှ)၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Nov 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ ဝန်ထမ်းပေါင်းစုံ စုပေါင်းဘုံကထိန်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် စက်ကုန်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Nov 01,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့မစည်ပင်သာယာဈေးအနီး ဖွင့်လှစ်ရောင်းချနေသည့် ပျံကျဈေးသည်များ စည်းကမ်းတကျ ဈေးရောင်းချရန်နှင့် စွန့်ပစ်အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းများ မပြုလုပ်ရေး ကွင်းဆင်းပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ဦးဆောင်မှုဖြင့် ဈေးတာဝန်ခံနှင့် ဝန်ထမ်းများက ကွင်းဆင်းအသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၇ နာရီခွဲက ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရမည့် ပြည်သူများအား မြို့နယ်ပြည်သူ့ ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 01,2022
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းတို့ပူးပေါင်း၍ ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း သင်တန်း ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေး လိုက်လံကြေညာ ခြင်းကို ယနေ့ နံနက်ပိုင်းက စတင်၍ မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။