အမြို့မြို့အနယ်နယ်သတင်းများ

Nov 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်၊ စာပေ အလွယ်တကူ ဖတ်ရှုစေနိုင်ရန်၊ ဗဟုသုတ ပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှု ရှိစေရေး ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များ အခမဲ့ ငှားရမ်းပေး
Nov 02,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်ညတွင်ကြယ်စုံချိန်တွင် ဆေးပေါင်းခသည့် သဘာဝဓာတ်စာအဖြစ် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ယုံယုံကြည် ကြည်စားသုံးလေ့ရှိသည့်၊ ဆေးဖက်ဝင် မယ်ဇလီဖူးများကို တန်ဆောင်မုန်းလဆန်းမှစ၍ ဆွတ်ခူးရောင်းချ လျက်ရှိနေကြရာ၊ မယ်ဇလီဖူးဆွတ်ခူးရောင်းချခြင်းဖြင့် ကျေးရွာမိသားစုများအတွက်  အပိုဝင်ငွေ ရရှိနေကြကြောင်းသိရသည်။
Nov 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်းတို့မှ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ အ.လ.က (ခွဲ)ခုံကြီးကျောင်းအစည်းအဝေးခန်းမ၌ ယမန်နေ့နံက်ပိုင်းက စာပေဟောပြောခဲ့ကြောင်း သိရသည်။
Nov 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌  တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို  ယနေ့နံနက် (၉)နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 02,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ) နှင့်ပတ်သက်၍ အသိပညာပေးထုတ်ပြန်ချက်များအား အသိ ပညာပေးပိုစတာများစိုက်ထူးခြင်း၊လက်ကမ်းစာစောင်များ အသိညာပေးဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံများနှင့် လူစည်ကားရာနေရာများတွင် အသိပညာဆောင်ရွက်လျက်ရှိသည်။
Nov 02,2022
၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်ဗုဒ္ဓရုပ်ပွားတော်နှင့် အာရုံခံတန်ဆောင်းလေးခု၌ရှိသည့် ဘုရားလေးဆူတို့အား ရွှေကြာသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် သစ်သီးဆွမ်းကပ်လှူခြင်းတို့ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ သိရသည်။
Nov 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ယနေ့နံနက်ပိုင်းက သာယာဝတီ မြို့မဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဈေးရောင်း ဈေးဝယ်ပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။
Nov 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁  နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။